Welcome to Myanmar President Office

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ နှင့်အတူ ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC)၌ ကျင်းပသည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ထူးချွန်ဆုများ ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက် အားပေးသည်။

ဒုတိယအကြိမ် နိုင်ငံခြားအကူအညီ အထောက်အပံ့ စီမံခန့်ခွဲရေး ဗဟိုကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲ (၂) နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံခြားအကူအညီ အထောက်အပံ့ စီမံခန့်ခွဲရေးဗဟိုကော်မတီဥက္ကဌ   နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ဂျပန်နိုင်ငံဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့် မစ္စတာ ရှင်ဇိုအာဘေးထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။
 

ကျင်းပပြီးစီးခဲ့တဲ့ စီမံကိန်းကော်မရှင် တတိယအကြိမ် အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနှင့် လူမှုရေးပြုပြင် ပြောင်းလဲရေးအတွက် အခြေခံမူဘောင် ချမှတ်ခြင်း၊ နိုင်ငံတော် ရေရှည်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် “အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း” အစီအစဉ် ရေးဆွဲခြင်း၊ ပြည်တွင်းပြည်ပ ငွေပင်ငွေရင်းများဖြင့် ရင်းနှီးမြှုပ်နှံနိုင်ရန် စီမံကိန်း လျာထားခြင်းနဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍဍာနှစ်-အမျိုးသားစီမံကိန်း ဥပဒေ (မူကြမ်း) နဲ့ စီမံကိန်း ရည်မှန်းချက်များကို စီစဉ်ညှိနှိုင်း ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဗာစလီ ဘီပိုစပယ်လော့ဗ်သည် ယနေ့ နံနက် (၁၀) နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်သို့ သွားရောက်၍ ゞင်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။

သတင်းများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဗာစလီ ဘီပိုစပယ်လော့ဗ်သည် ယနေ့ နံနက် (၁၀) နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်သို့ သွားရောက်၍ ゞင်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ မီကီအို နူမတ သည် ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်သို့ သွားရောက်၍ ゞင်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။

တတိယအကြိမ် စီမံကိန်းကော်မရှင် ဒုတိယနေ့ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ဆက်လက် ကျင်းပရာ စီမံကိန်း ကော်မရှင်ဥက္ကဋ္ဌဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ဒုတိယ သမ္မတများဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသ ဥက္ကဋ္ဌဌများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက် ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ နှင့်အတူ ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC)၌ ကျင်းပသည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ထူးချွန်ဆုများ ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက် အားပေးသည်။

(၁၃) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတက်ရောက်၍ မိန့်ခွန်းပြောကြားသည်။

၂၀၁၃ ခုနှစ် (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ယနေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည့် (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီနာယက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများအတွက် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တို့အတွင်းရှိ နိုင်ငံတကာအဆင့်မီ အားကစားကွင်းများ၊ အားကစားရုံများ၊ ရေကူးကန်များတည်ဆောက်နေမှုနှင့် အားကစား လေ့ကျင့်ရေးစခန်းများအား ယနေ့နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးဉာဏ်ထွန်းသည် ထိုင်းနိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဝန်ကြီးဌာန ဝန်ကြီး H.E.Mr. Anudith Nakomthap  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ (၄) နာရီခွဲ တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်တွေ့ခန်း၌ လက်ခံ တွေ့ဆုံသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ထားဝယ်မြို့ အထူးစီးပွားရေးဇုန်နယ်၌ ရောက်ရှိနေသော ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များ နှင့်အတူ ဒီဇင်ဘာ ၁၇ ရက်နေ့ မွန်းလွဲ (၂)နာရီတွင် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်မည့်နေရာတို့အား မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှုကြသည်။

မိန့်ခွန်းကောက်နှုတ်ချက်

စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရာမှာ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာနဲ့အညီ ပြည်သူ့ဝန်ကိုဆောင်သော ပြည်သူ့ဝန်ထမ်းများဖြစ်အောင် ရပ်ကျေး အုပ်ချုပ်ရေးပိုင်းမှ ပြည်ထောင်စုအဆင့်အထိ ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ အတွေးအမြင်၊ အမူအကျင့်၊ လုပ်ပုံလုပ်နည်းများ ပြောင်းလဲခြင်း လုပ်ဆောင်ရမှာဖြစ်သလို အစိုးရအဖွဲ့အစည်း ယန္တရားရဲ့ ဖွဲ့စည်း တည်ဆောက်ပုံ ပြောင်းလဲခြင်းကိုလည်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေးအမြင်၊ အမူအကျင့်၊ လုပ်ပုံလုပ်နည်းများ ပြင်ဆင်ရာမှာ ခေါင်းဆောင်မှု နေရာတွေမှာ တာဝန်ယူကြရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး အဆင့်ကအစ ပြည်ထောင်စုဝန်ကြီး အဆင့်အထိ ခေါင်းဆောင်ကောင်း အင်္ဂ࿿ါရပ်နဲ့ ညီညွတ်အောင် ပြုမူကျင့်ကြံ အားထုတ်ဖို့နဲ့ ပြည်သူတွေ အားကိုးယုံကြည် စိတ်ချရအောင် ကြိုးစားကြဖို့ ပြောကြားလိုပါတယ်။(၂၆-၁၂-၂၀၁၂ နိုင်ငံတော်သမ္မတ မိန့်ခွန်းမှ)

 

No front page content has been created yet.

www.president-office.gov.mm
This is the official website of Myanmar President Office