Welcome to Myanmar President Office

နောက်ဆုံးရသတင်းများ

(၂၇)ကြိမ်မြောက်   အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်ရ မြန်မာအားကစား သမားများအား  ဂုဏ်ပြုချီးမြှင့်ပွဲကို  ယနေ့ညနေပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ ပြုလုပ်ရာ  နိုင်ငံတော်သမ္မတ  ဦးသိန်းစိန် တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ထုတ်ပြန်

အကျဉ်းသား ငါးဦးအား နိုင်ငံ့အကျိုးအတွက် လွတ်ငြိမ်းသက်သာခွင့်ပြု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဆူဒန်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး မစ္စတာ အိုမာ အီဆာ အာမက် သည် ယနေ့ နံနက် ၁၁:၃၀ နာရီတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အာဂျင်တီးနား သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စ အန်နာ မာရီယာ ရာမီးရက်ဇ် သည် ယနေ့ နံနက် ၁၁:၀၀ နာရီတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။

သတင်းများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဆူဒန်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး မစ္စတာ အိုမာ အီဆာ အာမက် သည် ယနေ့ နံနက် ၁၁:၃၀ နာရီတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အာဂျင်တီးနား သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စ အန်နာ မာရီယာ ရာမီးရက်ဇ် သည် ယနေ့ နံနက် ၁၁:၀၀ နာရီတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၁၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပသည့် ၂၀၁၃- ၂၀၁၄ ပညာသင်နှစ် ထူးချွန်ဆုများ ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက် အားပေးသည်။

၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရေးနှင့် အာဆီယံ အသိုက်အဝန်း  ထူထောင်ရေးဆိုင်ရာ ဗဟိုကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ သမ္မတရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် အမှာစကား ပြောကြားသည်။

(၁၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်း ဗဟိုဌာန (MICC) ၌ ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်၍ ညီလာခံအဖွင့်အမှာစကား ပြောကြားခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့ နံနက် ပိုင်းတွင် နေပြည်တော် ကျင်းပလျက် ရှိသည့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ပွဲစဉ်များ ယှဉ်ပြိုင် ကစားလျက် ရှိရာ ၀ဏ္ဍသိဒ္ဓိ အားကစားပြိုင်ကွင်းရှိ တိုက်ကွမ်ဒို အားကစား ပြိုင်ပွဲသို့ သွားရောက် ကြည့်ရှု အားပေးခဲ့သည်။

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော် ငလိုက်ဆည်၌ ကျင်းပသည့် ရိုးရာလှေလှော် အားကစား ပြိုင်ပွဲကို ကြည့်ရှုအားပေးသည်။

(၂၇) ကြိမ်မြောက်  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ  ဦးဉာဏ်ထွန်းသည် ယနေ့တွင် နေပြည်တော် ငလိုက်ဆည်၌ ကျင်းပ လျက်ရှိသော ကနူး၊ ကယက်လှေလှော်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်၍ ဆုများ ချီးမြှင့်ပြီး နိုင်ငံတကာ အားကစားသမားများ တည်းခိုနေထိုင်လျက်ရှိသော အားကစားရွာ (Social Zone) ရှိ ဆိုင်ခန်းများအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးသည်။

 

မိန့်ခွန်းကောက်နှုတ်ချက်

လက်တွေ့ နိုင်ငံရေး အခြေအနေကို ထင်ဟပ်တဲ့ စဉ်းစားတွေးခေါ်မှုတွေ၊ လုပ်ဆောင်မှုတွေနဲ့ နိုင်ငံရေး ဦးဆောင်မှု ပေးခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက်ရာမှာ နိုင်ငံရေး ခေါင်းဆောင်များ အားလုံးအနေနဲ့ ဒီမိုကရေစီအရေးကို နှောင့်နှေးစေသည့် အစွန်းနှင့် မြန်ဆန် လွန်းသည့်အတွက် အလှမ်းကျယ် အလယ်လပ်တဲ့ အစွန်းနှစ်ပါးကို ရှောင်ရှားပြီး မိမိတို့နိုင်ငံရဲ့ နောက်ခံ သမိုင်းကြောင်း၊ ယခု ပစ္စုပ္ပန်အခြေအနေနဲ့ အနာဂတ်အတွက် အကျိုးအပြစ်တို့ကို ရှုမြင်သုံးသပ်ကာ နိုင်ငံရေး ရင့်ကျက်မှုရှိရှိ၊ ဓမ္မဓိဋ္ဌာန်ကျကျနဲ့ ယခု ရရှိထားတဲ့ နိုင်ငံရေး အပြောင်းအလဲနဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အားဖြည့်ရာ ရောက်စေမယ့် ချဉ်းကပ်မှုများနဲ့ ကိုင်တွယ် လုပ်ဆောင်ကြဖို့လည်း တိုက်တွန်း ပြောကြားအပ်ပါတယ်။ (၁-၁၂-၂၀၁၃ မိန့်ခွန်းမှ)

No front page content has been created yet.

လူ၀င်မှုကြီးကြပ်ရေး

www.president-office.gov.mm
This is the official website of Myanmar President Office