Welcome to Myanmar President Office

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဒေသတွင်းစီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်မှ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပ ပြုလုပ်မည့် ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်မှ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း အထူး လေယာဉ်ဖြင့် ထွက်ခွာသွားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် စီမံခန့်ခွဲမှု ကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် အမှာစကား ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဆလိုဗက်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် ဥရောပရေးရာဝန်ကြီး ဒေါက်တာ မီရိုဆလပ် လာဂျက် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

သတင်းများ

နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်က ၅၉ ကြိမ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နိုဝင်ဘာလအတွက် ပြောကြားသည့် ရေဒီယိုမိန့်ခွန်း

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌ ကျင်းပမည့် (၂၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ ကျင်းပနိုင်ရေးအတွက် ဝတ်စုံပြည့် အစမ်း လေ့ကျင့်မှုအား ကြည့်ရှုစစ်ဆေးသည်။

၂၀၁၅ ခုနှစ် (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ (၂) နာရီတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ ၌ ကျင်းပရာ (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်၍ အမှာစကား ပြောကြားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတကာ သံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC 2) ၌ ကျင်းပသည့် (၆၉) ကြိမ်မြောက် ကုလသမဂ္ဂနေ့ အခမ်းအနားသို့ တက်ရောက်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် စီမံခန့်ခွဲမှု ကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် အမှာစကား ပြောကြားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ဗြိတိန်နိုင်ငံ၊ ဘီဂျီအုပ်စု ရေရှည်တည်တံ့ ခိုင်မြဲရေးကော်မတီ ဥက္ကဋ္ဌ ဆာဒေးဗစ်မန်းနင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော်၊ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ဂျပန်နိုင်ငံ၊ ဆူမီတိုမို မီဆူအီ ဘဏ်လုပ်ငန်း ကော်ပိုရေးရှင်း ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ် Mr.Takeshi Kunibe ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

မိန့်ခွန်းကောက်နှုတ်ချက်

လက်ရှိ ဖြစ်ထွန်းနေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနဲ့ နိုင်ငံရေး ဖြစ်စဉ်ကို အဆင့်ဆင့် ဆက်လက်ရှင်သန်ဖြစ်ထွန်းစေဖို့၊ ဒီဖြစ်ထွန်းမှုတွေကနေ ဒီမိုကရေစီ စနစ် အမြစ်တွယ်ခိုင်မာရေးနဲ့ ပွင့်လင်းလွတ်လပ်တဲ့ မြန်မာ့ လူ့အဖွဲ့အစည်း၊ ကျွန်တော်တို့ နိုင်ငံအတွက် အထူးလိုအပ်နေတဲ့ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး ရရှိဖို့အတွက် လက်ရှိ ရရှိထားတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အဆင့်ဆင့်ကို အခြေခံပြီး နိုင်ငံရေး ဆွေးနွေးပွဲများ ပေါ်ပေါက်ရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရဲ့ အဓိကအဆင့် တစ်ဆင့်အနေနဲ့ ဖြတ်သန်းရမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး စတဲ့ စိန်ခေါ်မှုများပဲ ဖြစ်ပါတယ်။ (နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နိုဝင်ဘာလအတွက် ပြောကြားသည့် ရေဒီယိုမိန့်ခွန်းမှ)

No front page content has been created yet.

အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေး

www.president-office.gov.mm
This is the official website of Myanmar President Office