You are here

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်အဖွဲ့ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျစ်လိစ်မြို့သို့ ရောက်ရှိ

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်အဖွဲ့ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျစ်လိစ်မြို့သို့ ရောက်ရှိ

Printer-friendly versionSend by email

လော့စ်အိန်ဂျယ်လိစ် ဖေဖော်ဝါရီ ၁၄

အမေရိကန်- အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းတွင် စင်ကာပူ နိုင်ငံမှ စင်ကာပူ လေကြောင်းခရီးစဉ်ဖြင့် ဆက်လက်ထွက်ခွာရာ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့သို့ ရောက်ရှိကြသည်။

ဒုတိယသမ္မတနှင့်အဖွဲ့အား အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ်၊ ကောင်စစ်ဝန်ချုပ်နှင့် သံရုံးမိသားစုများက လော့စ်အိန် ဂျယ်လိစ်အပြည်ပြည်ဆ်ိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် လော့စ်အိန်ဂျယ်လိစ်မြို့မှ မော်တော်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာခဲ့ကြရာ ဒေသစံတော်ချိန်မွန်းလွဲ ၄ နာရီ ၁၀ မိနစ်တွင် အမေရိကန်-အာဆီယံ ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး ကျင်းပမည့် Rancho Mirage မြို့ရှိ ခေတ္တတည်းခိုမည့် Westin Mission Hills ဟိုတယ်သို့ ရောက်ရှိသည်။

 

 

 

 

 

 

www.president-office.gov.mm
This is the official website of Myanmar President Office