You are here

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

Printer-friendly versionSend by email

နေပြည်တော် ဖေဖော်ဝါရီ ၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် အဖွဲ့သည် ဖေဖော်ဝါရီ (၁၅) ရက်နှင့် (၁၆) ရက်တို့တွင် အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၊ Rancho Mirage မြို့တွင် ကျင်းပခဲ့သည့် အမေရိကန်-အာဆီယံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ တက်ရောက် ခဲ့ပြီး ဖေဖော်ဝါရီ ၁၇ရက် ဒေသစံတော်ချိန်မွန်းလွဲ (၂) နာရီမိနစ် (၂၀) တွင် အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျယ်လိစ်မြို့မှ စင်ကာပူလေကြောင်းခရီးစဉ်ဖြင့် ပြန်လည် ထွက်ခွာခဲ့ကြသည်။

 

ဒုတိယသမ္မတနှင့်အဖွဲ့အား အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်မျိုးထွဋ်၊ ကောင်စစ်ဝန်ချုပ်နှင့် သံရုံးဝန်ထမ်းများက လော့စ်အိန်ဂျယ်လိစ် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

 

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည်  ဖေဖော်ဝါရီ (၁၉) ရက်ဒေသစံ တော်ချိန် နံနက် (၃) နာရီခွဲတွင် စင်ကာပူနိုင်ငံသို့ ရောက်ရှိကြသည်။

 

ထိုမှတစ်ဆင့် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဒေသစံတော်ချိန် နံနက်(၅) နာရီတွင် မြန်မာအမျိုးသား လေကြောင်းဖြင့် ဆက်လက် ထွက်ခွာခဲ့ကြရာ နေပြည်တော်သို့ ယနေ့နံနက်ပိုင်းတွင် ပြန်လည် ရောက်ရှိကြသည်။

 

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်အဖွဲ့အား ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တာဝန် ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သံရုံးဒုတိယအကြီးအကဲတို့က နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

 

ဒုတိယသမ္မတနှင့်အတူ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြသည့် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးရဲထွဋ်နှင့် ပြည်ထောင်စု ရှေ့နေချုပ်ဒေါက်တာထွန်းရှင်တို့လည်း ပြန်လည်လိုက်ပါလာကြသည်။

 

 

 

 

 

 

 

 

www.president-office.gov.mm
This is the official website of Myanmar President Office