You are here

ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီးမှုနှင့် ကမ္ဘာ့ဗုဒ္ဓ ဘာသာ ငြိမ်းချမ်းရေးညီလာခံစတင်ကျင်းပမှုကို ဂုဏ်ပြုသောအားဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်း သက်သာခွင့်ပြု

ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီးမှုနှင့် ကမ္ဘာ့ဗုဒ္ဓ ဘာသာ ငြိမ်းချမ်းရေးညီလာခံစတင်ကျင်းပမှုကို ဂုဏ်ပြုသောအားဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်း သက်သာခွင့်ပြု

Printer-friendly versionSend by email

နေပြည်တော် ဇန်နဝါရီ ၂၂

ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အောင်မြင်စွာကျင်းပပြီးစီးမှုနှင့် ကမ္ဘာ့ဗုဒ္ဓ ဘာသာ ငြိမ်းချမ်းရေးညီလာခံ စတင်ကျင်းပမှုကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံတော်အကျိုးအတွက် အများပြည်သူ နှင့်အတူ တာဝန်ထမ်းဆောင်သွားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဇန်နဝါရီ ၂၂ ရက်(ယနေ့)တွင် အကျဉ်းသား ၁၀၂ ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပြုခဲ့သည်။

ထိုသို့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ(က) နှင့်အညီ အကျဉ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားများအနက် အကျဉ်း ထောင် ၂၂ ခုမှ နိုင်ငံသား အကျဉ်းသား အမျိုးသား ၉၂ ဦးနှင့် အမျိုးသမီးကိုးဦး စုစုပေါင်း ၁၀၁ ဦး တို့အပြင် နိုင်ငံခြားသားအကျဉ်းသား တစ်ဦးကိုလည်း နှစ်နိုင်ငံချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးတို့ကို ရှေးရှုပြီး လူမှုရေးအရ ငဲ့ညှာသောအားဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်း သက်သာ ခွင့်ပြုခဲ့သည်။

အဆိုပါ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သည့် အကျဉ်းသားများမှာ အင်းစိန်ထောင်မှ ၂၅ ဦး၊ မန္တလေး ထောင်မှ လေးဦး၊ ရမည်းသင်းထောင်မှ တစ်ဦး၊ ညောင်ဦးထောင်မှ နှစ်ဦး၊ မိတ္ထီလာထောင်မှ တစ်ဦး၊ သာယာဝတီထောင်မှ ၁၅ ဦး၊ တောင်ငူထောင်မှ သုံးဦး၊ ပြည် ထောင်မှ လေးဦး၊ ပေါင်းတည်ထောင်မှ တစ်ဦး၊ သရက်ထောင်မှ တစ်ဦး၊ ကိုးပင် သာစည်စခန်းမှ တစ်ဦး၊ ပုသိမ်ထောင်မှတစ်ဦး၊ မြောင်းမြထောင်မှ တစ်ဦး၊ မြစ်ကြီးနား ထောင်မှ နှစ်ဦး၊ ပူတာအိုထောင်မှ တစ်ဦး၊ ထားဝယ်ထောင်မှ တစ်ဦး၊ ဘားအံထောင်မှ ၁၉ ဦး၊ စစ်တွေထောင်မှ သုံးဦး၊ တောင်ကြီး ထောင်မှ တစ်ဦး၊ လားရှိုးထောင်မှ ကိုးဦး၊ သီပေါထောင်မှ လေးဦးနှင့် ကင်းသာ(၁)စခန်း နှစ်ဦး စုစုပေါင်းအကျဉ်းသား ၁၀၂ ဦးတို့အား ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။

 

www.president-office.gov.mm
This is the official website of Myanmar President Office