You are here

သတင်းထုတ်ပြန်ချက်

သတင်းထုတ်ပြန်ချက်

Printer-friendly versionSend by email

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံက ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှု အပေါ် အထူးပင် စိုးရိမ်မကင်းဖြစ်ကြောင်း ထုတ်ဖော် ပါသည်။

 

အဆိုပါ စမ်းသပ်မှုသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်း ဖြစ်သည့်အပြင် အပြည်ပြည်ဆိုင်ရာ လက်နက်မပြန့်ပွားရေးကို ထိခိုက်စေပြီး ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုကို မြင့်တက်စေပါသည်။

 

မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် လူအများအပြား သေကျေ စေသော လက်နက်များ မပြန့်ပွားရေးတို့ကို အထူးပင်အလေးထားပါသည်။ နျူကလီးယား လက်နက် ပြန့်ပွားမှုတားဆီးရေးကို ရည်ရွယ်သည့် အရှေ့တောင်အာရှ နျူကလီးယား လက်နက် ကင်းမဲ့ရေး ဇုန်စာချုပ်၏ စာချုပ်ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် နျူကလီးယား လက်နက်ကင်းစင်သည့်ကမ္ဘာ ဖြစ်ပေါ်လာရေးအတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို လိုက်နာရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့ သမ္မတနိုင်ငံအား တိုက်တွန်းပါသည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်       

၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်

 

 

 

 

 

www.president-office.gov.mm
This is the official website of Myanmar President Office