You are here

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ သတင်းထုတ်ပြန်ချက် (၁/၂၀၁၆)

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ သတင်းထုတ်ပြန်ချက် (၁/၂၀၁၆)

Printer-friendly versionSend by email

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ

သတင်းထုတ်ပြန်ချက် (၁/၂၀၁၆)

၁၃၇၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက်

(၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်)

 

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးတို့အတွက် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိရေး ဖော်ဆောင်နေချိန်တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ ရှမ်းပြည်နယ် မြောက်ပိုင်း ယခင်ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ ထိန်းချုပ်ဒေသဖြစ်သည့် မုန်းဘော်၊ မုန်းကိုးနှင့် ဖောင်းဆိုင်နယ်မြေသုံးခုတွင် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ၏ တပ်မဟာ (၆) ကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် တရားဝင်တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။

 

၂။ ယခုကဲ့သို့ တပ်မဟာ (၆) ကို ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ခြင်းသည် နိုင်ငံတော်အစိုးရမှ ဖော်ဆောင် နေသည့် ပြည်တွင်းငြိမ်းချမ်းရေးကို အသိအမှတ်မပြု၊ ဆန့်ကျင်ရာ ရောက်သည့်အတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ သက်ရောက်စေမည်ဖြစ်ပါသည်။

 

၃။ သို့ဖြစ်ပါ၍ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ တပ်မဟာ (၆) တိုးချဲ့ဖွဲ့စည်းခြင်းအား ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အနေဖြင့် ပြင်းထန်စွာ ကန့်ကွက် ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

 

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ

 

 

 

 

 

 

 

www.president-office.gov.mm
This is the official website of Myanmar President Office